ISO လို့သိထားကြတဲ့ “International Organization for Standardization” ဆိုတာ နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော
အစိုးရအဖွဲ့အစည်းမဟုတ်သည့် လွတ်လပ်သော အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်ISO ဆိုတာ ဂရိစကားလုံးဖြစ်တဲ့ “isos” မှ ဆင်းသက်လာပြီး “မျှတသော” လို့ အဓိပ္ပာယ်ရသည်
ဘယ်နိုင်ငံ၊ ဘယ်ဘာသာစကားမဆို အားလုံးအတွက် မျှတတယ်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်နိုင်ငံများရှိ နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ ကုန်ထုတ်လုပ်မှုပိုင်းတွေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ်ပြီး အရည်အသွေးထိန်းချုပ်မှု
အပိုင်းတွေကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနေပါတယ်နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်သူတွေကိုယ်တိုင် လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းရဲ့ လိုအပ်ချက်များနဲ့ အညီ လိုက်နာရမည့် စံချိန်စံညွှန်းပေါင်း လက်ရှိအချိန်အထိ (24890) အထိ ချမှတ်ပေးထားပြီး ဖြစ်ပါတယ်ဒီလို နိုင်ငံတကာ အဖွဲ့အစည်းမှ ပေးသော ISO Certification ကြောင့် လုပ်ငန်း၏ တိုးတက်မှုအတွက် စီမံခန့်ခွဲမှုစနစ်ကို ရရှိပြီး လုပ်ငန်းတွင်းရှိ ဝန်ထမ်းများ အရည်အသွေး၊ ကုန်ထုတ်လုပ်မှု အရည်အသွေး စတဲ့ အကျိုးကျေးဇူးတွေအပြင်
စားသုံးသူများ၏ ယုံကြည်မှုကိုပါ အလွယ်တကူ ရရှိစေပါမည်𝐈𝐒𝐎 လက်မှတ်ကို မည်သည့်နယ်ပယ်မှ လုပ်ငန်းအမျိုးအစားမဆို ရယူနိုင်ပြီး လုပ်ငန်းအရည်အသွေးကို တာဝန်ခံစစ်ဆေးပေးနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု 𝐓𝐡𝐢𝐫𝐝 𝐏𝐚𝐫𝐭𝐲 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐁𝐨𝐝𝐲 များထံတွင် လျှောက်ထားစစ်ဆေး
အတည်ပြုနိုင်ပါတယ်။