နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်လက်မှတ် ပေးအပ်ပွဲအခမ်းအနား။
UKAS နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်လက်မှတ် ပေးအပ်ပွဲအခမ်းအနား။
MOTTAMA HOLDINGS LTD ကုမ္ပဏီအုပ်စုအဖွဲ့ဝင် EXCELLENT OFFICE AUTOMATION CO., LTD ၏ “Manufacturing & Sales of Steel Construction Products (Roofing Sheets, Purlin, Decking Sheets & PU Panels) and Office Furniture (Safe Box, Metal Door, Fire-Rated Door & Safe Door)” ဆိုင်ရာအရည်အသွေးစီမံခန့်ခွဲမှုစနစ်အား IQC Myanmar မှ 23-01-2024 နှင့် 24-01-2024 နေ့များတွင် Stage-1 Audit၊ 21-02-2024 နှင့် 22-02-2024 နေ့များတွင် Stage-2 Audit များစစ်ဆေးခဲ့ပါသည်။
12-04-2024 နေ့တွင် ယူကေအခြေစိုက် အရည်အသွေးအကဲဖြတ်အတည်ပြုရေးအဖွဲ့ United Kingdom Accreditation Services [UKAS] ၏ အရည်အသွေးဆိုင်ရာအတည်ပြုထောက်ခံချက်ဖြင့် GCL Head Office မှ ISO 9001 : 2015 အရည်အသွေးထောက်ခံချက်လက်မှတ် ထုတ်ပေးခဲ့ပါသည်။
03-05-2024 နေ့တွင် IQC Myanmar ၏ နိုင်ငံတကာမှတ်ပုံတင်အရည်အသွေးစစ်ဆေးရေးပညာရှင် တွဲဖက်ပါမောက္ခ DR. သူရမွန် မှ ကုမ္ပဏီ၏ တာဝန်ရှိသူများထံသို့ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်လက်မှတ် ISO 9001 : 2015 Certificate အားပေးအပ်ခဲ့ပါသည်။
03-05-2024 (Friday)