Blog-Image
  • IQC Myanmar
  • January 20, 2024

  • 0 Comments

သင့်လုပ်ငန်းရဲ့ ဒေတာများကို 𝐈𝐒𝐎 𝟐𝟕𝟎𝟎𝟏:𝟐𝟎𝟐𝟐 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦 နှင့်အတူ ကာကွယ်ပါ။

အခုလို ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ “ဒေတာ” ဆိုတာ လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးအရှိဆုံး အရာထဲက တစ်ခုဖြစ်လာပါပြီ။ ဖောက်သည်များရဲ့ လျှို့ဝှက်အချက်အလက်များ၊ အရေးကြီးသောဘဏ္ဍာရေးမှတ်တမ်းများနှင့် ကုမ္ပဏီဒေတာများကို ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်းမှ အကာအကွယ်ပေးဖို့ကို လိုအပ်လာပြီပဲ ဖြစ်ပါတယ်။ အဲ့အတွက် 𝐈𝐒𝐎 𝟐𝟕𝟎𝟎𝟏:𝟐𝟎𝟐𝟐 : 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦 (𝐈𝐒𝐌𝐒) က သင့်လုပ်ငန်း အဖွဲ့အစည်းရဲ့ လျှို့ဝှက်မှု၊ ခိုင်မာမှုတို့ကို သေချာစေရန်အတွက် ပြီးပြည့်စုံသော စံနှုန်းထားတစ်ခုဖြစ်ပါတယ်။𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ဆိုတာကတော့ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿 𝗦𝘁𝗮𝗻𝗱𝗮𝗿𝗱𝗶𝘇𝗮𝘁𝗶𝗼𝗻 ဆိုတဲ့ လွတ်လပ်သောအဖွဲ့အစည်းမှ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ စစ်ဆေးကာ စားသုံးသူများနဲ့ လုပ်ငန်းရှင်များကြား ခိုင်မာသော ယုံကြည်မှုကိုတည်ဆောက်ပေးသည့် အရည်အသွေးထောက်ခံချက်လက်မှတ်ပဲ ဖြစ်ပါတယ်။𝐈𝐒𝐎 𝟐𝟕𝟎𝟎𝟏:𝟐𝟎𝟐𝟐 (𝐈𝐒𝐌𝐒) သည် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းတစ်ခုဖြစ်ပြီး သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာဘေးအန္တရာယ်များကို စီမံခန့်ခွဲရန် စနစ်တကျ ရေးဆွဲထားသည့် စံနှုန်းတစ်ခုဖြစ်ပါတယ်။ ဒီစံနှုန်းမှာ ဖော်ပြထားတဲ့ အခြေခံမူများကို လိုက်နာခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ခိုင်မာတဲ့ လုံခြုံရေးထိန်းချုပ်မှုများကို ချမှတ်နိုင်ပြီး ဖြစ်နိုင်ချေရှိသော ဆုံးရှူံးမှုများကို ဖော်ထုတ် ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။ISO 27001:2022 မှာပါ၀င်တဲ့ အဓိက အစိတ်အပိုင်းတွေထဲက တစ်ချို့ကတော့ –1️ 𝐑𝐢𝐬𝐤 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: ISO 27001:2022 (ISMS) မှာ လုပ်ငန်းက ပိုင်ဆိုင်သော အချက်အလက်များအတွက် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ခွဲခြားသတ်မှတ်နိုင်ဖို့နဲ့ လျော့ပါးသက်သာစေနိုင်ရန်က အရေးကြီးကြောင်း အလေးပေးပါတယ်။ ဖြစ်နိုင်ချေရှိသော အန္တရာယ် အကဲဖြတ်မှုများမှတဆင့် စီးပွားရေး လုပ်ငန်းများအနေနဲ့ မိမိ လုပ်ငန်းရဲ့ အားနည်းချက်များကို ကြိုတင် နားလည်သိရှိနိုင်ပြီး ထိုအန္တရာယ်များကို ထိရောက်စွာစီမံခန့်ခွဲရန်နှင့် လျှော့ချရန်အတွက် သင့်လျော်သောနည်းလမ်းများကို စဥ်းစားထားနိုင်မှာ ဖြစ်ပါတယ်။2️𝐒𝐞𝐜𝐮𝐫𝐞 𝐏𝐨𝐥𝐢𝐜𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭: ISO 27001:2022 (ISMS) ဖြင့် စီးပွားရေးလုပ်ငန်းများသည် မိမိတို့လုပ်ငန်းဖြင့် ကိုက်ညီမှုရှိသော သတင်းအချက်အလက်လုံခြုံရေးမူဝါဒများကို ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ထိုမူဝါဒများက ဝန်ထမ်းများအတွက် လမ်းညွှန်ချက်များကို အကြမ်းဖျင်းဖော်ပြထားနိုင်ပြီး လုံခြုံရေးနှင့် ပတ်သက်ပြီး အသိအမြင်များ၊ နားလည် သဘောပေါက်မှုများကို မြှင့်တင်နိုင်ပြီး အရေးကြီးသော အချက်အလက်များကို ကာကွယ်ရန် အကောင်းဆုံးအလေ့အကျင့်များကို ရရှိစေမှာ ဖြစ်ပါတယ်။3️𝐂𝐨𝐧𝐭𝐢𝐧𝐮𝐚𝐥 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭: ISO 27001:2022 (ISMS) မှာတော့ သတင်းအချက်အလက်လုံခြုံရေးဆိုတာက တစ်ကြိမ်တည်း အားထုတ်ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပဲ စဥ်ဆက်မပြတ် လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သေချာစေမှာပဲ ဖြစ်ပါတယ်။ ဒီစံနှုန်းဟာဆိုရင် စီးပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန်၊ အကဲဖြတ်ရန်နှင့် တိုးတက်ပြောင်းလဲနေသော ခြိမ်းခြောက်မှုများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများနှင့် လိုက်လျောညီထွေစေရန်အတွက် လုပ်ငန်းများရဲ့လုံခြုံရေးအစီအမံများကို မြှင့်တင်ရန် အားပေးတာပဲ ဖြစ်ပါတယ်။4️𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐋𝐞𝐠𝐚𝐥 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬: ISO 27001:2022 (ISMS) ကို လိုက်နာခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းများက သတင်းအချက်အလက်လုံခြုံရေးနှင့် သက်ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ပါဝတ္တရားများကို လိုက်နာကြောင်း ဖော်ပြပြီးသား ဖြစ်စေပါတယ်။ ထိုအချက်ကပဲ ဖောက်သည်များနှင့် စီးပွားရေး မိတ်ဖက်များအကြား ယုံကြည်မှုကို တိုးတက်လာစေပြီး ဒေတာချိုးဖောက်မှုများနှင့် ဆက်စပ် အလားအလာရှိသော ဥပဒေနှင့် ငွေကြေးဆိုင်ရာ အန္တရာယ်များကိုပါ လျော့ပါးသက်သာစေပါတယ်။5️𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐀𝐝𝐯𝐚𝐧𝐭𝐚𝐠𝐞: ISO 27001:2022 (ISMS) ကို အကောင်အထည်ဖော်ခြင်းဖြင့် မိမိလုပ်ငန်းက ပြိုင်ဘက်လုပ်ငန်းများနှင့် မတူပဲ ဒေတာ အချက်အလက်များကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လုံခြုံစိတ်ချသေချာစေရန် စီစဥ်ထားကြောင်းကို သိသာစေပါတယ်။ ဒီအသိအမှတ်ပြုလက်မှတ်ကပဲ ဒေတာကာကွယ်ရေးနှင့် လုံခြုံရေးကို ဦးစားပေးသော သုံးစွဲသူများနှင့် ထိတွေ့ဆက်ဆံတဲ့အခါမှာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။𝐈𝐐𝐂 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐂𝐎.𝐋𝐓𝐃 မှာဆိုရင်လည်း သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး အထူးသတိပြု ဆောင်ရွက်လျက်ရှိပါတယ်။𝐈𝐐𝐂 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐂𝐎.𝐋𝐓𝐃 က ISO 9001:2015, ISO 14001:2015, ISO 45001:2018, ISO 22000:2018, ISO 13486:2016, ISO 27001:2022 တို့အပြင် GMP, GHP, HACCP Certificate များ နှင့် Project Compliance Audit စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။
Tags

Leave A Comment

Check Certificate Status

*Enter Certificate Number or Client Name

Enquire Now