Blog-Image
  • IQC
  • March 23, 2024

  • 0 Comments

သာယာလှပသော အနာဂတ်ကမ္ဘာကြီးအတွက် ISO 9001 မှာ ထပ်မံဖြည့်စွက်လိုက်တဲ့ Climate Change 🌍

သာယာလှပသော အနာဂတ်ကမ္ဘာကြီးအတွက် ISO 9001 မှာ ထပ်မံဖြည့်စွက်လိုက်တဲ့ Climate Change 🌍တစ်နေ့ထက်တစ်နေ့ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးထဲမှာ လုပ်ငန်းတွေ၊စက်ရုံတွေ၊ ကုန်ထုတ်လုပ်မှုတွေကလည်း များပြားလာခဲ့ပါတယ်။ဒီလို များပြားလာတဲ့ လုပ်ငန်းတွေ၊စက်ရုံတွေ၊ ကုန်ထုတ်လုပ်မှုတွေနဲ့အတူ ISO က လုပ်ငန်းတွေ၊စက်ရုံတွေအနေနဲ့ 🔰 လုပ်ငန်းခွင်အတွင်း ဆောင်ရွက်ပုံတွေကို စနစ်တကျ ထိန်းချုပ်နိုင်ဖို့ 🔰 ကုန်ကျစရိတ်တွေ‌ လျော့ချနိုင်ဖို့ 🔰 သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ 🔰 ထိခိုက်မှုတွေ၊ မတော်တဆမှုတွေ ကာကွယ်နိုင်ဖို့ နိုင်ငံတကာ စံချိန်စံညွှန်းများကို ထုတ်ပြန်ပြီး ထိန်းချုပ်ခဲ့ပါတယ်။ယခုအခါမှလည်း သာယာလှပပြီး ဘေးအန္တရာယ်ကင်းဝေးသော ကမ္ဘာကြီးအတွက် နိုင်ငံတကာ အဖွဲ့အစည်း ISO ကနေ ISO 9001 မှာ နောက်ထပ်တစ်ချက် ထပ်မံဖြည့်စွက်လိုက်ပါပြီ။🌍 ဒါကတော့ လူသားတွေအတွက် ဂရုမစိုက်ရင် များစွာ ဘေးအန္တရာယ်ရှိလာနိုင်မယ့် ရာသီဥတုပြောင်းလဲမှုဆိုတဲ့ Climate Change ပါ။မျက်မှောက်ခေတ်မှာ စက်ရုံ၊အလုပ်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး ကမ္ဘာကြီးကလည်း တဖြေးဖြေး ပူနွေးလာပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေကလည်း များသထက်များလာပါပြီ။ဒါကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေ ဖြစ်ပြီး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှု မကြုံရအောင်၊ လူသားမျိုးနွယ်တွေ ဘေးအန္တရာယ် မကြုံတွေ့စေရအောင် ဒီအချက်ကို ထပ်ဖြည့်လိုက်တာပါ။ဒီအချက်ကို ထပ်မံဖြည့်စွက်လိုက်ခြင်းအားဖြင့် လုပ်ငန်းတွေအနေနဲ့ ✅လုပ်ငန်းတွေအနေနဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေကို နည်းသထက်နည်းအောင် ကာကွယ်နိုင်မယ်။ ✅ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ပြီး လူတွေရဲ့ ယုံကြည်မှုကို ရရှိစေနိုင်တယ်။ ✅ကုန်ကျစရိတ်တွေ၊အလေအလွင့်တွေကို လျှော့ချလာနိုင်စေတယ်။ ✅ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းခွင် ဖြစ်လာစေတယ်။ဒါကြောင့် ISO 9001 မှာ ထပ်မံဖြည့်စွက်လိုက်တဲ့ Climate Change ကလည်း လုပ်ငန်းတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ နိုင်ငံတကာစံချိန်စံညွှန်းတစ်ခုပဲ ဖြစ်ပါတယ်။𝐈𝐐𝐂 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐂𝐎.𝐋𝐓𝐃 က ISO 9001:2015, ISO 14001:2015, ISO 45001:2018, ISO 22000:2018, ISO 13486:2016, ISO 27001:2022 တို့အပြင် GMP, GHP, HACCP Certificate များ နှင့် Project Compliance Audit စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။အသေးစိတ် သိရှိလိုပါက Page ရဲ့ Message Box ကေန ဆက်သွယ်၍ရသလို အောက်ပါ ဖုန်းနံပါတ်များကိုလည်း ခေါ်ဆိုစုံစမ်းနိုင်ပါတယ် 📞: + 95 9 88 111 55 97, +95 9 50 90 562🏡: No. 111, 1st Floor, 36th Street, Kyauktada Township, Yangon.#IQC_ISO_Certification #IQC #ISO # ISO14001 #QualityManagement #ConsumerTrust #Environment #Ems #Climatechange
Tags

Leave A Comment

Check Certificate Status

*Enter Certificate Number or Client Name

Enquire Now