စီးပွားရေးလုပ်ငန်းတွေအနေနဲ့ 𝐈𝐒𝐎 လက်မှတ်ကို ဘာလို့ လိုအပ်တာလဲ ? 💭
ပြိုင်ဆိုင်မှုတွေများလာတဲ့ ယနေ့ခေတ် စီးပွားရေး ပတ်၀န်းကျင်မှာ လုပ်ငန်းတွေအနေဖြင့် ပြိုင်ဖက်တွေနဲ့ မတူ ခြားနားပြီး ကွဲထွက်နေမယ့် နည်းလမ်းများကို အမြဲရှာဖွေနေရပါတယ်။ အဲ့ထဲကမှ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုစံနှုန်းဖြစ်သည့် ISO လက်မှတ်ကို ရယူခြင်းပဲ ဖြစ်ပါတယ်။ ISO လက်မှတ် ရရှိထားခြင်းက မိမိလုပ်ငန်းက အရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုတို့ ရှိစေဖို့ကို ကတိက၀တ်ပေးကြောင်း သက်သေတစ်ခုပါပဲ။
ISO လက်မှတ်ကို လုပ်ငန်းတိုင်းမလိုအပ်ပေမယ့်လည်း တစ်ချို့သော စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သောလုပ်ငန်းများအတွက်တော့ မိမိလုပ်ငန်းက အရည်အသွေးပိုင်း၊ ဘေးကင်းမှုပိုင်းနှင့် ပတ်သက်လာရင် ဖောက်သည်များကို အပြည့်အ၀ အာမခံချက်ပေးစေနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိမှာပဲ ဖြစ်ပါတယ်။ ISO လက်မှတ်ကို မရယူခင် စီးပွားရေး လုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်း၊ ဖောက်သည်များရဲ့ မျှော်လင့်ချက်၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ လုပ်ငန်းတွင်း လည်ပတ်မှုများ နှင့် ဈေးကွက်အတွင်း ပြိုင်ဖက်တို့ရဲ့ အခြေအနေများကို ဦးစွာဂရုတစိုက် စဉ်းစားသင့်ပါတယ်။
အဲ့အတွက် မိမိလုပ်ငန်းက ISO လက်မှတ်ကို လိုအပ်လား ဆိုတာနှင့် SO လက်မှတ်ရှိထားခြင်းရဲ့ ကောင်းကျိုးတစ်ချို့ကို ဖော်ပြလိုက်ပါတယ် . . . .

တစ်ချို့သော လုပ်ငန်းအမျိုးအစားများအတွက်တော့ ISO လက်မှတ်ဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ ဥပမာအားဖြင့် အာကာသနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် စာချုပ်များ လေလံတင်ရန်အတွက် ISO 9001 လက်မှတ်ကို လိုအပ်ပါတယ်။ ထို့နည်းတူစွာပါပဲ မော်တော်ယာဥ်လုပ်ငန်းများအနေဖြင့် ISO/TS 16949 လက်မှတ်ကို လိုအပ်သည်။အကယ်၍ မိမိလုပ်ငန်းက ဒီလိုမျိုး ISO လက်မှတ်ကို မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းအမျိုးအစားထဲမှာ ပါနေတာဆိုရင်တော့ ဘယ်လို ISO လက်မှတ်အမျိုးအစားကို လိုအပ်ကြောင်း ဆုံးဖြတ်ဖို့အတွက် စက်မှုလုပ်ငန်းဆိုင်ရာ သီးခြားစံနှုန်းများနှင့် လိုအပ်ချက်များကို သုတေသနပြုရန် အရေးကြီးပါသည်။

ဖောက်သည်များအနေဖြင့် ၀ယ်ယူသုံးစွဲရမယ့် လုပ်ငန်းများမှ အရည်အသွေးနှင့် ဘေးကင်းရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုမျှော်လင့်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ ဖောက်သည်က ISO အသိအမှတ်ပြု လုပ်ငန်းဖြင့်သာ အလုပ်တွဲလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ISO လက်မှတ်ကို ရယူထားခြင်းက ရှိပြီးသား ဖောက်သည်များကို ထိန်းသိမ်းထားနိုင်ရုံသာမက ဖောက်သည်အသစ်များကိုလည်း ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိမိလုပ်ငန်းရဲ့ ဖောက်သည်များက ကျန်းမာရေး သို့မဟုတ် ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး မြင့်မားတဲ့ စံနှုန်းထားများကို နားလည်တဲ့အခါမှာ ISO လက်မှတ်က စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို လိုက်နာကြောင်း သက်သေဖြစ်စေမှာပါ။

ISO စံနှုန်းများက စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီလေ့ရှိပြီး မိမိလုပ်ငန်းက ထိုစည်းမျဥ်းများကို လိုက်နာမှုရှိကြောင်း သက်သေပြနိုင်ကာ ဖြစ်နိုင်ချေရှိသော ဥပဒေ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်များကို ရှောင်ရှားရန် ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ISO 14001 အသိအမှတ်ပြုလက်မှတ်ရှိထားခြင်းအားဖြင့် မိမိိလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲများကို လိုက်နာလျှက်ရှိပြီး သဘာ၀ ပတ်၀န်းကျင်အတွက် အထောက်အကူဖြစ်စေကြောင်း ဖော်ပြပါတယ်။

ISO လက်မှတ် ရရှိထားခြင်းက လုပ်ငန်းအတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်များကို ပိုမိုလွယ်ကူပြီး ထိရောက်မှုကို တိုးတက်စေပါတယ်။ ဥပမာအားဖြင့် ISO 9001 လက်မှတ်ကို ရရှိဖို့အတွက် လုပ်ငန်းများအနေဖြင့် အရည်အသွေးစီမံခန့်ခွဲမှုအတွက် လုပ်ထုံးလုပ်နည်းများကို ချမှတ်ရန်နှင့် လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ရန် လိုအပ်တဲ့အတွက် ထိုအချက်များအတွက် လုပ်ဆောင်ခြင်းက လုပ်ငန်းအတွင်း တိုးတက်မှုနှင့် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်များကို ကူညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ISO လက်မှတ်က မိမိလုပ်ငန်းကို ပြိုင်ဘက်များနှင့် မတူကွဲပြားအောင် ကူညီပေးနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော လုပ်ငန်းများမှာဆိုရင်တော့ ISO အသိအမှတ်ပြုလက်မှတ်ရှိခြင်းက သာမာန်တောင်ဖြစ်လာပါပြီ။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ISO အသိအမှတ်ပြု လက်မှတ်ရရှိခြင်းသည် ပိုမိုလိုအပ်လာပြီး မိမိလုပ်ငန်းကို ထင်ရှားပေါ်လွင်စေပြီး အောင်မြင်မှု ရရှိဖို့အတွက် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
မိမိလုပ်ငန်းအတွက် ISO လက်မှတ်ကို ယူထားရမလား စဉ်းစားနေတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက် (၅) ချက်ကို သေချာ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဒီအချက်များကို သေချာချိန်ဆခြင်းဖြင့်၊ ISO လက်မှတ်က မိမိလုပ်ငန်းအတွက် မှန်ကန်မှုရှိမရှိ ဆုံးဖြတ်နိုင်ပြီး လိုအပ်ပါက အသိအမှတ်ပြုလက်မှတ်ရရှိရန် ခြေလှမ်းများကို စတင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ISO လက်မှတ်က မိမိလုပ်ငန်းအတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်ဆိုရင်တော့ 𝐈𝐐𝐂 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐂𝐎.𝐋𝐓𝐃 က ကူညီပေးပါတယ်။
𝐈𝐐𝐂 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐂𝐎.𝐋𝐓𝐃 က ISO 9001:2015, ISO 14001:2015, ISO 45001:2018, ISO 22000:2018, ISO 13486:2016, ISO 27001:2022 တို့အပြင် GMP, GHP, HACCP Certificate များ နှင့် Project Compliance Audit စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။
အသေးစိတ် သိရှိလိုပါက Page ရဲ့ Message Box ကေန ဆက်သွယ်၍ရသလို အောက်ပါ ဖုန်းနံပါတ်များကိုလည်း ခေါ်ဆိုစုံစမ်းနိုင်ပါတယ်


See insights and ads
Boost post
All reactions:
Zay Nyi Aung and 5 others
tarnisher
Fy9I1SUP99n
Royalty
qSWg0MIe45c