Blog-Image
  • IQC
  • October 3, 2023

  • 0 Comments

ခိုင်မာတဲ့ လုပ်ငန်းအဖြစ် ရှေ့ဆက်နိုင်ဖို့

ရှေ့ဆက်ခိုင်မာတဲ့ လုပ်ငန်းဖြစ်ဖို့ ISO Certification ကို မဖြစ်မနေရယူထားဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲ ??လုပ်ငန်းတစ်ခုလုံးမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့တကွ သူတို့ရဲ့တာဝန်တွေရော၊ ထုတ်ကုန်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေမှာပါ မဖြစ်မနေရှိနေရမဲ့ သတ်မှတ်ချက်တွေ ခိုင်မာလို့ပဲ ဖြစ်ပါတယ်လို့ အကြမ်းဖျဉ်းဖြေပါရစေ။ဒီနေရာမှာ ကျနော်တို့အနေနဲ့ အရေးကြီးဆုံးတင်ပြချင်တာကတော့ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွေပါ။တာဝန်ယူမှု တာဝန်ခံမှုဆိုတာ လုပ်ငန်းတစ်ခုရဲ့ အတွင်းစည်း အပြင်စည်း အဘက်ဘက်အတွက် မရှိမဖြစ် ထမ်းဆောင်ရတဲ့ တာဝန်တွေဖြစ်ပါတယ်။– ဝန်ထမ်းပိုင်းဆိုင်ရာတို့ရဲ့ တာဝန်ယူရမှု တာဝန်ခံရမှု – ထုတ်ကုန်ပိုင်းဆိုင်ရာ တာဝန်ယူရမှု တာဝန်ခံရမှု – ဝန်ဆောင်မှုပိုင်းဆိုင်ရာ တာဝန်ယူရမှု တာဝန်ခံရမှု စတဲ့ တာဝန်ယူရမဲ့ ရှိရမဲ့ အဆင့်သတ်မှတ်ချက်တွေကို တဆင့်ချင်းတိုင်းအတွက် သတ်မှတ် စံချိန်စံညွှန်းတွေနဲ့ကိုက်ညီအောင် လေ့ကျင့်သင်ကြားပေးခြင်း နဲ့ လက်တွေ့အသုံးချနိုင်ခြင်းက လုပ်ငန်းရေရှည်အောင်မြင်မှုအတွက် အရေးကြီးသည့် အချက်ဖြစ်ပါတယ်။ဒီလို စံချိန်စံညွှန်းသတ်မှတ်ချက်တွေ လုပ်ငန်းခိုင်မာမှုတွေနဲ့ ရှေ့ဆက်နိုင်ခြင်းက မိတ်ဆွေရဲ့ လုပ်ငန်းမှာ ဖြစ်လေ့ရှိသည့် မကြာခဏမှားယွင်းခြင်း၊ ထပ်ကာတလဲလဲပြန်ပြင်ရခြင်း စသည့်အားနည်းချက်များလျော့နည်းကျဆင်းစေပါလိမ့်မယ်။ ရလဒ်အနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ စံချိန်စံညွှန်းတွေ မြင့်တက်လာပြီး ဈေးကွက်မှာ သိက္ခာရှိရှိနှစ်ပေါင်းများစွာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ပိုပြီး အသေးစိတ်တိုင်ပင်ဆွေးနွေးပေးဖို့၊ ပူးပေါင်းပါဝင်ပြီး မိတ်ဆွေရဲ့ လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ စံချိန်မှီ လုပ်ငန်းအဖြစ်ရပ်တည်နိုင်ဖို့ ISO Certificate ပိုင်ဆိုင်နိုင်ဖို့အထိ ကျွန်တော်တို့ IQC က အဆင်သင့် ရှိနေပါပြီ။ 
Tags

Check Certificate Status

*Enter Certificate Number or Client Name

Enquire Now